call +66 2826 9986

2/4 WIRELESS ROAD, LUMPINI, PATHUMWAN, BANGKOK 10330

09:00-17:00 MON - FRI

Dental Veneers

သွားကြွေလွှာကပ်ခြင်း (Dental Veneers) သွားကြွေလွှာကပ်ခြင်းဆိုသည်မှာ အဘယ်နည်း။

Dental veneers ဆိုသည်မှာ (တစ်ခါတစ်ရံတွင် porcelain veneers သို့မဟုတ် dental porcelain laminates ဟုလည်းခေါ်) သင်၏ အလှအပကို ပိုပေါ်လာစေရန်အတွက် သွား၏ ရှ့ဘက်မျက်နှာပြင်ကို အုပ်ရန် ဖန်တီးထားသည့် ပါးလွှာသော သွားနှင့်အရောင်တူအောင်လုပ်ထားသည့် အခွံလွှာဖြစ်ပါသည်။ သွား၏ အရောင်အသွေး၊ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အတိုအရှည်ကို ပာင်းလဲရန်အတွက် သွား၏ရှေ့ဘက်မျက်နှာပြင်တွင် အဆိုပါအခွံလွှာကလေးများကို ကပ်လိုက်သည်။

ကာ်ဖီ၊ လက်ဖက်ရည်တို့ကဲ့သို့သော အစွန်းအထင်းများအပြင် ဆးလိပ်အစွန်းအထင်းကိုပင် ခံနိုင်ရည်အားရှိသည့် ပါးလွှာသော ကွအကြည်သားသွားအစွပ်ကလေးများသည် သွားနှင့် ခိုင်မြဲစွာကပ်နေနိုင်ပါသည်။ သို့ဖြစ်ရာ အခြားသော နည်းလမ်းများထက် သာလွန်စွာ သဘာဝအတိုင်း စ်လိုဖွယ်လှပနေမည် ဖစ်ပါသည်။

လူနာများအနေဖြင့် မိမိအတွက် ဖန်တီးထားသော ကုသမှုခံယူနိုင်ရေးမှာ ကျွန်ုပ်တို့၏ စိတ်ဆန္ဒဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရှိသော ဆရာဝန်အဖွဲ့က လူနာကို အကောင်းဆုံးသောကုသမှု ခံယူခွင့်ရရှိအောင် လုပ်ဆောင်ပေးမည်ဖြစ်ကာ လူနာ၏လိုအပ်ချက်အတိုင်း သီးသန့်ဖန်တီးကုသပေးမည်ဖြစ်ပါသည်။

Before and After

VENEERS အုပ်သင့်သူများ

Veneers အုပ်မည့်သူများသည် ကျန်းမာပြီး ခိုင်ခံ့သောသွားများရှိရန် လိုသည်။ အာက်ပါအခြေအနေများ ရှိနေသူများအနေဖြင့် veneers အုပ်ရန် စဉ်းစားသင့်ပါသည်။

  • သွားအရောင် ညစ်ထေး၊ စွန်းထင်းနေခြင်း
  • သွားအနည်းငယ် မညီညာခြင်း
  • သွား အရွယ်မတူခြင်း
  • သွား အနည်းငယ်ကျဲနေခြင်း
  • သွား ပဲ့နေခြင်း
  • ငယ်ရွယ်နုပျိုလိုသူ
  • ပြုံးလိုက်သည့်အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလိုသူ
  • မိမိ၏အလှအပကို ဂရုစိုက်ပြီး သွားကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူ
  • အခြားသူများ မိမိကို သတိထားမိစေလိုသူ၊ ကျန်းမာသည့်ပုံပေါက်လိုသူ

VENEERS အုပ်ခြင်း မလုပ်မီ

Veneers အုပ်ခြင်းရာတွင် အလှအပ သွားကျန်းမာရေးကုသမှုနယ်ပယ်တွင် အတွေ့အကြုံရှိသော သွားဆရာဝန်လိုအပ်သည်။ အလှအပအတွက် ကုသခြင်းဖြစ်သောကြောင့် အနုစိတ်ဂရုစိုက်တတ်သော သွားဆရာဝန်၏ကုသမှု လိုအပ်သည်။ သွားနှင့် ပတ်သက်၍ သုံးသောပစ္စည်းများ၊ ခံတွင်းကျန်းမာရေး၊ သွးတိတ်အောင် ပုလုပ်ခြင်းနှင့် မိမိ၏မျက်နှာ ပုံပန်းသဏ္ဍာန်နှင့် ကိုက်ညီသောအပြုံးကို ဖန်တီးခြင်း ကဲ့သို့သော နယ်ပယ်များစွာတွင် သွားဆရာဝန်၏ ကျွမ်းကျင်မှု၊ အမြင်၊ ဉာဏ်ရည်ဉာဏ်သွေးတို့ လိုအပ်သောကြောင့် အဆင့်တစ်ခုချင်းသည် အလွန်ပင် အရေးကြီးပါသည်။