call +66 2826 9986

2/4 WIRELESS ROAD, LUMPINI, PATHUMWAN, BANGKOK 10330

09:00-17:00 MON - FRI

Dental Caries

သွားပိုးစားခြင်း သို့မဟုတ် သွားဆွေးမြေ့ခြင်းသည် ခံတွင်းတွင် အဖြစ်များသည့် ပဿနာများဖြစ်ပါသည်။ ကမ္ဘာ့ကိန်းဂဏန်းများအရ ကမ္ဘာ့လူဦးရေ ၃၂ ရာခိုင်နှုန်း၏ သွားများတွင် အခေါင်းပေါက်များ ရှိနေသည်ဟု ဆိုပါသည်။ သကြားနှင့် ပါင်းစပ်လျက် ခံတွင်းအတွင်းတွင် ရှိနေသော ဘက်တီးရီးယားများသည် သွားပိုးစားခြင်း၏ အကြောင်းရင်းများ ဖစ်သည်။ စားလိုက်သည့် အစားအစာများတွင် သကြားပါဝင်နေသည့်အခါ ထိုသို့ဖြစ်တတ်သည်။ ဘက်တီးရီးယားများ (အထူးသဖြင့် S.mutans) များသည် သကြားများကို ဖြိုခွဲပစ်ကာ ဘးထွက်ပစ္စည်းအဖြစ် အက်ဆစ်ဓာတ်ကို ထုတ်ပေးသည်။ အဆိုပါ အက်ဆစ်ဓာတ်သည် သွား၏ မာကြောသည့်အရာများကို ဖြိုဖျက်ပစ်လိုက်ပြီး တဖြည်းဖြည်းနှင့် သွားအပေါက်များ ပါ်ပေါက်လာစေသည်။ ထိုဖြစ်စဉ်ကို demineralization ဟု ခါ်သည်။

Fluoride treatment သည် အဆိုပါ သွားပျက်စီးမှုဖြစ်စဉ် (demineralization) ကို ဟန့်တားပေးသည်။ (သွားတိုက်ဆေးများ၊ ခံတွင်းသန့်ဆေးများတွင် တွ့ရသည့်) အဆိုပါ ဖလိုရိုက်သည် ‘remineralization’ ခါ်သော သွားပျက်စီးမှု၏ ဆန့်ကျင်ဘက် ဖစ်စဉ်ကို ဖစ်စေသည်ဟု တွ့ရှိထားပြီးဖြစ်သည်။ သွားရည်၏ အစွမ်းနှင့်အတူ ဖလိုရိုက်သည် ခံတွင်း၏ pH ပါဝင်မှုနှုန်း လျာ့ကျသွားသောအခါ ပန်တက်လာအောင် လုပ်ပေးကာ သွား၏ အသားများ ပျက်စီးခြင်းကို ကာကွယ်ပေးသည်။

အကယ်၍ demineralization ကို မတားဆီးပါက သွားအပေါက်များ ဖစ်ပေါ်တတ်သည်။ အကယ်၍ လူနာက အချိုများသော အစားအသောက်များ ဆက်စားနေပါက ထိုသွားအပေါက်သည် အစားအသောက် အကြွင်းအကျန်များ၊ ဘက်တီးရီးယားများပိတ်မိလျက် သွားအပေါက်ဖြစ်ပေါ်မှုကို ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။ ဤနေရာတွင် သွားကို ကာကွယ်ပေးရန် လိုအပ်သည်။ အကယ်၍ သွားဆွေးမြေ့ခြင်းက သွား၏ အသားအတွင်း၊ ကွလွှာအတွင်းတွင် ဖစ်ပေါ်နေပါက သွားပျက်စီးမှုကို အစားထိုးရန်အတွက် သွားပြန်လည်ပြုပြင်မှု နည်းလမ်းအချို့ လိုအပ်သည်။ သို့သော် သွားပျက်စီးမှုက အမြစ်ထိရောက်သွားပါက သွားပိုးစားမှုကို အပြီးတိုင် ဖယ်ရှားရန်အတွက် သွားအမြစ်ထုတ် ကုသမှုပြုလုပ်ရန် လိုအပ်သည်။