call +66 2826 9986

2/4 WIRELESS ROAD, LUMPINI, PATHUMWAN, BANGKOK 10330

09:00-17:00 MON - FRI

Pediatric Dentistry

ကလေးသွားဆရာဝန်ဆိုသည်မှာ အဘယ်နည်း။

သင်၏ ကလေးများမှာ လူငယ်များမဟုတ်ပေ။ ကလေးငယ်များ၏ သွားများမှာ ယဘုယျအားဖြင့် ခိုင်ခံ့မှုအားနည်းပြီး အစားခဏခဏစားခြင်း၊ ကျွးခြင်းကြောင့် သွားပိုးစားနိုင်ခြေလည်းရှိရာ သွားကုသမှုနှင့်ပတ်သက်၍ ၎င်းတို့၏ လိုအပ်ချက်မှာ လူကြီးများနှင့် မတူပေ။ ကလေးတစ်ဦးချင်းစီအလိုက် အလေ့အထဆိုင်ရာ လိုအပ်ချက်များ သီးသန့်ရှိကြသည်။

ကလေးသွားဆရာဝန်များမှာ မွးကင်းစကလေး၊ ကလေးငယ်နှင့် အရွယ်ရောက်စကလေးများကို သွားဘက်ဆိုင်ရာ ကုသမှုပေးသည့် ဆရာဝန်များဖြစ်ကာ ကာကွယ်ရေး၊ ပန်လည်ပြုပြင်ရေး၊ သွားပေါက်မှုကို ဖစ်သင့်သည့်အတိုင်းဖြစ်ရေး စသည်တို့အပါအဝင် ကလေးများ၏လိုအပ်ချက်ကို ဖည့်ဆည်းပေးရန်အတွက် ကျာင်းတွင် သီးသန့်ထပ်မံ သင်ယူခဲ့ကြသူများလည်း ဖစ်သည်။

ကလေးသွားဆရာဝန်များဖြစ်သော ကျွန်ုပ်တို့သည် ခံတွင်းရောဂါများကို ကြိုတင်ကာကွယ်သင့်သည်ဟု ယုံကြည်သည်။ သွားပိုးစားခြင်းကို ကုသသည်ထက် ကြိုတင်ကာကွယ်လိုကြသည်။ သွားဆွေးမြေ့လာခြင်းကို သီးသန့်စစ်ဆေးခြင်းမှာ တစ်ဆင့် ကလေး၏ သွားအခြေအနေကို လိုက်ကာ ကာကွယ်ရေးနည်းလမ်းများကို အကြံပြုပေးပါသည်။ ထိုသို့ အကြံပြုပေးရာတွင် အိမ်တွင် ခံတွင်းသန့်ရှင်းမှု ဂရုစိုက်ခြင်း၊ သွားဆွေးမြေ့မှုဖြစ်စေသည့် အစားအသောက် အလေ့အထများ၊ ဖလူရိုက်ပါဝင်သော ပစ္စည်းများ၊ ဖည့်စွက်စာများကို မှန်ကန်စွာအသုံးပြုခြင်း၊ သွား၏မျက်နှာပြင်ကို ကာကွယ်ပေးသည့် သွားအပေါက်ဖြည့်ပေးသည့်အရာများ စသည်တို့ ပါဝင်သည်။

Oကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်မှာ ဘဝတစ်လျှောက်လုံးအတွက် ကျန်းမာလှပသော အပြုံးကို ဖန်တီးပေးရန်ဖြစ်သည်။ ကလေးငယ်၏ သွားကို ငယ်ငယ်ကတည်းက ဂရုစိုက်ခြင်းဖြင့် ကြီးလာသည့်အခါ ကျန်းမာလှပသော အပြုံးပိုင်ရှင်များ ဖစ်လာကြမည်ဖြစ်ပါသည်။ ငယ်သွားများမှာ ကြီးမှပေါက်လာမည့် သွားများအတွက် သွားပေါက်သည့်နေရာ မှန်အောင် လုပ်ပေးနိုင်ပါသည်။ ယဘုယျအားဖြင့် လှပခိုင်မာသော ငယ်သွားများရှိပါက ကြီးမှပေါက်သည့် သွားများလည်း ထိုအတိုင်းပင်ဖြစ်လာတတ်ပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏ ကလေးသွားဆရာဝန်များက ဘဝတစ်လျှောက်လုံးအတွက် ကျန်းမာလှပသော အပြုံးကို ဖန်တီးပေးနိုင်ပါသည်။

ကလေး သွားကျန်းမာရေးဝန်ဆောင်မှုများ

ကာကွယ်ရေးဝန်ဆောင်မှုများ

  • သွားပိုးစားမှု စစ်ဆေးခြင်း
  • ခံတွင်း သန့်ရှင်းရေး န်ကြားခြင်း
  • ခံတွင်းကျန်းမာရေးအတွက် အစားအသောက် အကြံပြုခြင်း
  • ဖလူရိုက် ကုထုံး
  • သွားအခေါင်းနှင့် အပေါက် ပိတ်ခြင်း
  • ရေကူးသူများအတွက် အားကစားလုပ်ရာတွင် သုံးသည့် ခံတွင်းအကာအကွယ် သို့မဟုတ် ထိခိုက်ဒဏ်ရာ ကာကွယ်ခြင်း

သွားပြန်လည် ပုပြင်ခြင်း ဝန်ဆောင်မှုများ

  • သွား ဖာခြင်း
  • အစဉ်အလာအတိုင်း စတီးအစွပ်များ တပ်ခြင်း
  • ရှေ့ဘက် အလှ သွားအစွပ်များ

သွားပေါက်ခြင်းနှင့် ဖွံ့ဖြိုးခြင်း

  • ဥပမာအားဖြင့် အပေါ်သွား အာက်သွား ဟန်ချက်လွဲခြင်း၊ သွားထပ်ခြင်း သို့မဟုတ် မးရိုးလွဲခြင်းကဲ့သို့သော အပေါ်သွား၊ အာက်သွား စ့ရာတွင် ကြုံသည့် ပဿနာကလေးများကို ငယ်ငယ်ကတည်းက ပုပြင်ပေးသင့်ပါသည်။ သို့သော် ပဿနာကြီးသည်ဆိုလျှင်တော့ သွားညှိဆရာဝန်၏ ကုသမှုကို ခံယူရန်လိုအပ်သည်။

 

အသက်တစ်နှစ်သားကို သွားဆရာဝန်ပြခြင်း

ကလေးတစ်နှစ်သားအရွယ် သို့မဟုတ် ပထမဆုံး သွားပေါက်သည့်အချိန်မှ ခာက်လထက် နာက်မကျဘဲ သွားဆရာဝန်ကို ပရန် ထိုင်းနိုင်ငံ ကလေးသွားဆရာဝန်များအသင်းကရော ကျွန်ုပ်တို့၏ ကလေးသွားဆရာဝန်အဖွဲ့ကပါ အကြံပြုပါသည်။

သွားဆွေးမြေ့ခြင်းကို ကာကွယ်နိုင်သော်လည်း သွားဆွေးမြေ့ခြင်းကို ခံစားနေရပြီး ကုသမှု အကြီးစားပြုလုပ်ရန်လိုသည့် ကလေးငယ်ပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် သွားပိုးစားခြင်းကို ကုသသည်ထက် ကာကွယ်မှုအား အလေးပေး လုပ်ဆောင်နေခြင်းဖြစ်သည်။ ကလေးများအနေဖြင့်လည်း သွားပိုးစားသည်ကို လာကုသည်ထက် သွားလာစစ်ရခြင်းကို ပို၍ သဘောကျကြပါသည်။